အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အသံတိတ်သပိတ်ကို ဖျက်ဆီးရန် တပ်ထောက်ခံပွဲများလုပ်သော်လည်း လူဆယ်ဂဏန်းသာရှိ

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့် ယနေ့(ဖေဖော်ဝါရီ ၁ရက်)တွင် နိုင်ငံတဝှမ်း ပြုလုပ်သော အသံတိတ်သပိတ်ကိုဖျက်ဆီးရန် စစ်ကောင်စီ အစီအစဉ်ဖြင့် ပြုလုပ်သည့် တပ်ထောက်ခံပွဲများတွင် ပါဝင်သူ လူဦးရေမှာ ဆယ်ဂဏန်းသာ ရှိသည်။ရန်ကုန်မြို့လယ်ခေါင်တွင် လုံခြုံရေးအပြည့်ဖြင့် ယနေ့ပြုလုပ်သော တပ်ထောက်ခံပွဲတွင် ဘုန်းကြီး ၁၃ပါးနှင့် လူ ၅၀ဦးခန့်သာ ရှိသည်ကို တွေ့ရသည်။

ထိုတပ်ထောက်ခံပွဲကို ဘာသာရေးအကြောင်းပြ ဆူပူမှုများ ဖန်တီးခဲ့သူ မိုက်ကယ်ကျော်မြင့် ဦးဆောင်ခဲ့သည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့ထံမှ တိုင်းပြည်အာဏာကို စစ်တပ်က မတရားသိမ်းယူခဲ့သည်မှာ ယနေ့တွင် ၂နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။သို့သော် စစ်အာဏာရှင်ကို ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်နေသည်မှာ ယနေ့ အသံတိတ်သပိတ်က သက်သေပြနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://www.youtube.com/watch?v=5FWtpT10Zpw]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles