အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လွှတ်တော်အမတ်တစ်ဦး၏ စစ်ကြောရေးငရဲခန်း ၉ရက်တာ အတွေ့အကြုံ

“ဓားပြ၊ သူခိုးတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရတာ။‘မင်းလားကွ မောင်မောင်ဆွေ’ ဆိုပြီး နည်းမျိုးစုံနဲ့ နှိပ်စက်ကြတယ်” လွှတ်တော်အမတ်တစ်ဦး၏ စစ်ကြောရေးငရဲခန်း ၉ရက်တာ အတွေ့အကြုံ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အသက် ၅၂နှစ်အရွယ် ဦးမောင်မောင်ဆွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားပြုပြီး နေပြည်တော်က မြို့နယ်လေးခုကနေ အမျိုးသားလွှတ်တော်အမတ်အဖြစ် ၂၀၁၅မှာကော၊ ၂၀၂၀မှာပါ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရခဲ့သူပါ။

နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အစောပိုင်းကာလတွေကတည်းက ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ၂၀၂၁မတ်လကုန်ပိုင်းမှာတော့ CDM ဝန်ထမ်းဖြစ်တဲ့ သူ့ဇနီးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။

ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၂နှစ်ချမှတ်ခံရပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်နေ့မှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးတော့ လက်ရှိ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပါပြီ။

၉ရက်ကြာ နေထိုင်ခဲ့ရတဲ့ နေပြည်တော်စစ်ကြောရေးမှာ လူမဆန်အောင် နှိပ်စက်ခံခဲ့ရတယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။ မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ် ၉က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://www.youtube.com/watch?v=vmLKWT0bFcM]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles