အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်တပ်မီးရှို့မှုကြောင့် လေဖြတ်နေသည့် သက်ကြီးရွယ်အိုများ သေဆုံး

စစ်ကိုင်းတိုင်းမြို့တော် မုံရွာအနီး ထနောင်းတောရွာကို စစ်တပ်က မတ် ၁၅ရက်က မီးရှို့ခဲ့ရာ လေဖြတ်နေ၍ ပြေးလွှားနိုင်ခြင်းမရှိသော သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံးခဲ့သည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က မြို့တောင်ဘက် ၃ မိုင်ခန့် အကွာတွင်ရှိသော ဒေသခံကာကွယ်ရေးစခန်းတစ်ခုကို အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ပြီး ထိုစခန်းတောင်ဘက် ၂ မိုင်ခန့်အကွာရှိ ထနောင်းတော (တောင်) ရွာကို မီးရှို့စဉ် သေဆုံးသွားသူများမှာ အသက် ၈၀ အရွယ် ဒေါ်ကောင်းမှုံ၊ အသက် ၇၀ အရွယ်များ ဖြစ်ကြသော ဦးစိန်လင်း၊ ဦးဌေးမောင်တို့ ဖြစ်သည်။

[youtube https://www.youtube.com/watch?v=2aNC8TL78F8&t=72s]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles