အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နွားထိုးကြီး လျှပ်စစ်ရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က မတ်လ ၁၃ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားတို့ ရှိနေသည့် ထိုရုံးများကို နံနက် ၁၁ နာရီဝန်းကျင်တွင် ဗုံး ၃ လုံးစီဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကိုတွံတေးဟု သူ့ကိုယ်သူ မိတ်ဆက်သည့် နွားထိုးကြီး PDF တာဝန်ခံက ပြောသည်။

“စကစက လုံခြုံရေးယူပေးထားတဲ့ လျှပ်စစ်ရုံးရယ်၊ စကစက လုံခြုံရေးယူပေးထားတဲ့ ထွေအုပ်ရုံးကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ ဟုတ်တယ်။ စစ်သားတွေလည်း ထိခိုက်မှုရှိတယ်” ဟု ကိုတွံတေးက ပြောသည်။

ထိုတိုက်ခိုက်မှုတွင် စစ်သား ၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရသူတချို့လည်း ရှိသည်ဟု PDF ဘက်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီ၏ ယနေ့ (မတ် ၁၄) ထုတ် သတင်းစာများတွင်လည်း ထိုတိုက်ခိုက်မှုအကြောင်း ဖော်ပြထားရာ အမျိုးသားဝန်ထမ်းနှစ်ဦး သေဆုံး၊ အမျိုးသား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီ၏ ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း သီးခြားအတည်မပြုနိုင်သေးပေ။

မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့တွင် စစ်ကောင်စီ လက်နက်ကိုင်များ ရှိနေကြောင်း၊ ယမန်နေ့က တိုက်ခိုက်ခံရသည့် ရုံးများတွင် ယူနီဖောင်းဝတ် စစ်သား ငါးဦးစီ ပုံမှန်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီပစ်မှတ်များကို PDF များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

ဒေသတွင်း အွန်လိုင်းသတင်းစာမျက်နှာတစ်ခု၏ အဆိုအရ နွားထိုးကြီးတွင် ယမန်နေ့ (မတ် ၁၄) က ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့သည်၊ ထိုအထဲတွင် နွားထိုးကြီး-တောင်သာလမ်းနှင့် နွားထိုးကြီး-ပြင်စည် ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရမှု ပါဝင်သည်ဟု ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်တို့ မည်သည့်နေရာတွင် စခန်းချတတ်သည်ကို သိရှိထားသည်ဟု PDF တာဝန်ခံက ပြောသည်။

“မြို့ပေါ်အခြေအနေကတော့ သူတို့ရှိပြီးသား နေရာတွေမှာ ရှိနေမြဲပဲ။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့က ခဏခဏ သွားတိုက်တော့ ဘန်ကာကျင်းတွေတူး၊ ဟိုပုန်းဒီပုန်းနဲ့ သူတို့လည်း ဖြန့်ထားတာ” ဟု အထက်ပါ နွားထိုးကြီး PDF တာဝန်ခံက ပြောကြားသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button