အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလစ်အငိုက် ဝင်တိုက်ခံရသည့် ရွှေဘိုမှရွာတွင် သတ်ဖြတ်ခံရသူ ၆ ဦးရှိလာ 

ယခုလ ၂၇ ရက်က စစ်တပ်က ကျောက်သည်ကားဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ရွာတစ်ရွာတွင် သတ်ဖြတ်ခံရထားသည့် ရုပ်အလောင်း နှစ်လောင်းထပ်တွေ့သဖြင့် စုစုပေါင်း ၆ ဦးအထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေဘိုမြို့နယ်အရှေ့ခြမ်း တည်ပင်ရွာရှိ ဒေသကာကွယ်ရေးအဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ကျောက်မြောင်းမြို့မှ ထွက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုရွာမှ စစ်တပ်ပြန်ထွက်သွားပြီးနောက် ယမန်နေ့ (ဒီဇင်ဘာ ၂၉) တွင် ကျေးရွာအတွင်း လိုက်လံရှာဖွေစဉ် အသက် ၅၀ အရွယ် ဒေါ်လင်းတို့၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသက် ၅၅ နှစ်အရွယ် ဦးတင်မောင်ဦးဆိုသူမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။​

“အသေးစိတ်မရှာနိုင်သေးဘူး၊ မိုင်းတို့ ဘာတို့ပဲ ရှင်းနိုင်သေးတာဗျ။ ဒေါ်လင်းက လက်မောင်းမှန်တာ ကြောက်အားလန့်အားနဲ့ ထွက်မလာတော့ သွေးထွက်လွန်ပြီး ဆုံးနေတာ ထင်တယ်” ဟု ရွှေဘိုမြို့နယ်တိုက်နယ် (၃) တိုက်ခိုက်ရေးခေါင်းဆောင် ကိုဗန်တိုက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုတင်မောင်ဦး၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီ ဝါဒဖြန့်လူမှုကွန်ရက်များတွင် တွေ့ခဲ့ရသော်လည်း ရုပ်အလောင်းများကို နေအိမ်အတွင်း ထည့်ကာ မီးရှို့ထားနိုင်သည်ဟု ယူဆသဖြင့် မီးလောင်ပြင်၌ ရှာဖွေနေဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။

ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက အလစ်အငိုက်တိုက်ခိုက်ခံရစဉ် တည်ပင်ရွာ ပကဖစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသူများအနက် လေးဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်။ ထိုသူများမှာ ကျေးရွာပကဖ တာဝန်ခံ ကိုဖိုးအောင် ၃၃နှစ်၊ ကိုဆန်းဝေဖြိုး ၂၅နှစ်၊ ကိုညီဇော် ၂၁ နှစ်နှင့် ကိုဝိုင်းချစ် ၂၅ နှစ်တို့ ဖြစ်ကြသည်။

ရွာကာကွယ်ရေးအဖွဲ့ လေးဦး၏ ရုပ်အလောင်းများကို ဝင်ရောက်တိုက်ခိုက်ခံရသည့်နေ့က တွေ့မြင်ခဲ့ရသော်လည်း ယမန်နေ့တွင် မတွေ့ရှိရတော့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်ထံမှ သိရသည်။​

အဆိုပါ ပကဖ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်သားတို့ ဝင်ရောက်စီးနင်းပြီးနောက် ရွာအတွင်း ထပ်မံဝင်ရောက် ပစ်ခတ်ကာ မီးရှို့ခဲ့သဖြင့် နေအိမ် ၄၅၀ ခန့်ရှိ တည်ပင်ရွာတွင် အိမ်အလုံး ၁၅၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပတ်သက်သည့် နေအိမ်များကို အဓိကမီးရှို့ခဲ့သဖြင့် စစ်သားများနှင့်အတူ နယ်မြေခံသတင်းပေးများ ပါနိုင်ကြောင်း‌ ဒေသခံတို့ ယူဆနေကြသည်။

“ရွေးရှို့သွားတာ၊ အတိအကျကို ရှို့သွားတာ။ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အိမ်တွေ၊ စည်းရုံးရေးခေါင်းဆောင်အိမ်တွေ ရွေးရှို့သွားတာ။ ပြောမယ်ဆိုရင် နယ်ခံပါတယ်။ ရွာထဲကနေလည်း သတင်းပေးရှိလို့ အငိုက်ခံလိုက်ရတာ” ဟု တည်ပင်ရွာမှ အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကြောင်း ထွက်ခွာသွားသော်လည်း တည်ပင်ရွာနှင့် သုံးမိုင်သာကွာသည့် ကျောက်အိုးမြိုင်ကျေးရွာတွင် နောက်ထပ် စစ်ကြောင်းတစ်ခုရောက်နေသဖြင့် ဒေသခံများ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ပြီး ကျေးရွာအတွင်း ရှာဖွေရေးများ ရပ်နားထားရကြောင်းလည်း အထက်ပါ ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button