အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒလတံတား အမြန်ဆုံးဆောက်ပေးရန် ဒေသခံများ တောင်းဆို

(ရန်ကုန်) – ကန့်ကွက်မှုကြောင့် ကြန့်ကြာနေရသည့် ဒလတံတားကို အမြန်ဆုံးဆောက်လုပ်ပေးရန် ဒေသခံများက အစိုးရကို ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့တွင် ယနေ့(ဇွန်လ၁၇ရက်) ဆန္ဒပြတောင်းဆိုလိုက်သည်။

ရန်ကုန်တစ်ဖက်ကမ်းမြို့နယ်များဖြစ်သည့် ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိတ်ကြီးခနောင်တိုနှင့် တွံ့တေးမြို့များမှ လူ၂၀၀၀ ခန့်သည် ၂၀၁၂ ကတည်းက မြန်မာနှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား သဘောတူထားခဲ့သည့် ဒလတံတားစီမံကိန်းကို အမြန်ဆုံးစတင်ရန် တောင်းဆိုခဲ့ကြသည်။

“ဒီတံတားကြီးက ကျွန်တော်တို့ရဲ့ အိပ်မက်တံတားကြီးပါပဲ။ ဒါကြီးဖြစ်သွားလို့ ဒလတစ်မြို့တစ်ခုတည်း ကောင်းစားမှာ မဟုတ်ပါဘူး။ တောင်ပိုင်းခရိုင်တစ်ခုလုံး ကောင်းစားသွားမှာပါ။” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ကွမ်းခြံကုန်းမြို့မှ ဦးစိုးဝင်းက ပြောသည်။

ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည့် အဆိုပါ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား ဒီဇိုင်းပုံစံအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်တို့အကြား ၂၀၁၂ ကတည်းက ကာလရှည်ကြာ သဘောထားကွဲလွဲခဲ့ကြခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရန်ကုန်တွင် တည်ဆောက်ရန် စီစဉ်နေသည့် ဒလတံတား၏ ဒီဇိုင်းသည် မြစ်အတွင်း ကုန်တင်သင်္ဘောများသွားလာမှုကို အနှောင့်အယှက်ဖြစ်စေပြီး ရေရှည်တွင် နိုင်ငံ့စီးပွားရေးကို ထိခိုက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အရာရှိများက ဇွန် ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတိပေးခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွေးချယ်ထားသည့် မြစ်လယ် တိုင်နှစ်တိုင်ပါ တံတားဒီဇိုင်းကြောင့် သင်္ဘောသွားလာမှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေပြီး ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးကို အဓိကမောင်းနှင်နေသည့် မြစ်အထက်ဘက်မှ ဆိပ်ကမ်းများ အခက်တွေ့နိုင်သည်ဟု ၎င်းတို့က ထောက်ပြခဲ့သည်။

ဆန္ဒပြသူများက ဒလတံတားဆောက်လုပ်ရန် ကြန့်ကြာနေစဉ် ဇွန်လ ၁၃ရက်က မြစ်ကို ဖြတ်ကူးရင်း အနည်းဆုံး လူလေးဦး ပျောက်ဆုံးခဲ့ရသည့် သမ္ဗန်နစ်မြုပ်မှုကို ထောက်ပြခဲ့ပြီး တံတား အမြန်ဆုံးတည်ဆောက်ရန် တောင်းဆိုခဲ့ကြသည်။

“တို့က ဒီမှာမွေး ဒီမှာကြီးတဲ့သူတွေ၊ တို့မျက်စိရှေ့မှာ (မြစ်ကိုဖြတ်ရင်း) သေခဲ့တဲ့လူတွေဆိုတာ အများကြီး။ ဒါတွေဟာ ထပ်နေပြီ၊ တစ်နှစ်ကို သုံးကြိမ်၊ လေးကြိမ် အနည်းဆုံး။ တစ်ခါတလေ ထုံနေတဲ့သဘောမျိုးတောင် သက်ရောက်နေပြီ။ အရမ်းကို ဒုက္ခရောက်ရပါတယ်” ဟု ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က ပြောသည်။

ဆန္ဒပြသူများက စီမံကိန်း ထပ်မံကြန့်ကြာနေပါက ရန်ကုန်မြစ်အတွင်း သမ္ဗန်များဖြင့် ထပ်မံဆန္ဒပြရလိမ့်မည်ဟု သတိပေးခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button