
တော်လှန်ရေးအတွက် လာမယ့် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
လာမယ့် လေးလအတွင်း ကန်ဒေါ်လာ သန်း ၁၀၀ အနည်းဆုံး လိုအပ်ပြီး အဲ့ဒီ ရံပုံငွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို မောင်းပြန်သေနတ် အလက် ၂၀၀၀၀ တပ်ဆင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Myanmar Now ကို ပြောပါတယ်။
လက်ရှိအချိန်မှာ PDF တပ်ဖွဲ့ဝင်အင်အားဟာ ၇၀၀၀၀ နီးပါး ရှိနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အင်အားဟာလည်း PDF အင်အားရဲ့ နှစ်ဆ အင်အား သိန်းချီ ရှိနေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ကာလဟာ တပ်အင်အားတည်ဆောက်တဲ့ ‘ခုခံစစ်ကာလ’ ဖြစ်ခဲ့ပေမယ့် ရှေ့နှစ်မှာတော့ ‘တန်ပြန်ထိုးစစ်’ အတွက် မဟာမိတ်တွေနဲ့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အသစ်တွေ ပါဝင်မယ့် စစ်ဒေသတွေ တိုးချဲ့ဖွဲ့စည်းသွားဖို့ ရှိသလို လွတ်မြောက်နယ်မြေတွေ ဖြစ်လာဖို့ ရှိနေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/XwRY9T0ynQQ]



