အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီအထိနာခဲ့သည့် ရွေဘိုအနောက်ပိုင်း ၅ ရက်တာတိုက်ပွဲ

ရေဦးမြို့နယ်အတွင်းမှ ရွှေဘိုမြို့နယ်အတွင်းသို ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားတစ်ရာကျော်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီက ရဟတ်ယဉ်များသုံးကာ တိုက်ပွဲတွင်းလက်နက်ခဲယမ်းဖြည့်တင်းခဲ့ရသည်။

ရွှေဘိုမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၁ နေ့မှစတင်ကာ ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း နေအိမ် ၃၀၀နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။ ရွှေဘိုခရိုင် PDF တပ်ရင်းများ၊ ပကဖအဖွဲ့များ၊ Myanmar Defense Forceတပ်ရင်း(၃)နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များ ခုခံတိုက်ခိုက်မှုကြောင့် စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ နှစ်ယောက်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ခဲ့သည့် MDF တပ်ရင်း(၃) တာဝန်ရှိသူ ကိုမှိုင်းက ငါးရက်တာတိုက်ပွဲအကြောင်းနှင့်ပတ်သက်ပြီး Myanmar Now ကိုအသေးစိတ်ပြောဆိုထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/hwRUSSIpX7Y]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles