အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တော်လှန်ရေးတစ်နှစ်ကျော်လာအချိန် CDM များ ရပ်တည်ဖို့ ပိုမိုခက်ခဲလာ

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာလာသည့်အချိန်တွင် အမိန်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသူများအတွက် စားဝတ်နေရေးအခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေကြရပါသည်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက CDM ဝန်ထမ်းတချို့ကို အလုပ်ကထုတ်ပယ်မှုများအပြင်၊ အကြမ်းဖက်ဖမ်းဆီးအရေးယူမှုများလည်း ပြုလုပ်လာခဲ့သည်။

ရုံးမတက်ဘဲ CDM လုပ်ဆောင်နေသူများသည်် အလုပ်သစ်လုပ်ကိုင်ရန်အတွက် အလုပ်လျှောက်သည့်အချိန်တွင် အလုပ်ရှင်များဖက်မှ အလုပ်ခန့်ရန် ငြင်းဆန်မှုများရှိလာသဖြင့် ကြုံရာကျပမ်းလုပ်ကိုင်ကာ မိသားစုရပ်တည်ရေးအတွက် ရုန်းကန်နေကြရသလို အချို့ဝန်ထမ်းများသည် မိသားစုအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ငန်းခွင်သို့ပြန်ဝင်ရန် စဉ်းစားလာကြသည်။

စစ်အာဏာရှင် တော်လှန်ရေးအစကတည်းက အားကောင်းစွာပါဝင်ခဲ့သည့် CDM လှုပ်ရှားမှု အားမပျော့သွားစေရန်အတွက် CDM ဝန်ထမ်းများကို ကူညီပေးကြပါရန် လက်ရှိ CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများက တောင်းဆိုထားကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/VtjpxNifvdA]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles