အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပခုက္ကူမြို့နယ်တွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တောင်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် ယမန်နေ့ (မေ ၂၂) နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယမန့်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ အထိနာသည်ဟု ပခုက္ကူမြို့တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ခြေနှင့် ကျွန်းချောင်းမြို့နယ်အခြေစိုက် PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံညောင်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ တန့်ကြည်တောင်ဒေသ ဆိက္ခဝရွာဘက်မှ ဆိတ်ဖြူနှင့် ကျွန်းချောင်းမြို့နယ် သွားရာလမ်းပေါ်တွင် အင်အား ၇၀ ခန့်ပါ စစ်တပ်ခြေလျင်စစ်ကြောင်းကို နာရီဝက်ကြာတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီဘက်မှ နှစ်ဦးသေ၍ အများအပြားဒဏ်ရာရသည်ဟု အထက်ပါ PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အော်တို (စက်သေနတ်) ဆွဲတဲ့ ကလေးတွေက သူတို့ဆွဲလိုက်တဲ့ဟာက မှန်သွားပြီးတော့ လဲကျသွားတာကို မြင်လိုက်ရတယ်၊ တရွတ်တိုက်ဆွဲသွားလိုက်ရတာ။ လက်နက်ကြီးစာမိတာရောဆို ၂၀ ကျော် ၃၀ ကြားလောက် ဒဏ်ရာရမယ်” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။ 

စစ်ကြောင်းချီလာသည့် ဆိတ်ဖြူ-ကျွန်းချောင်းလမ်းသည် တစ်ဖက်တွင် ချောက်ကမ်းပါး၊ တစ်ဖက်တွင် တောင်နံရံသာရှိသဖြင့် ၎င်းတို့ဘက်မှ ပစ်ကွင်းကောင်းခဲ့သည်ဟု အထက်ပါ PDF တာဝန်ခံက ပြောသည်။

“ကျနော်တို့ဘက်က အားသာချက်က နေရာနဲ့ သတင်းပေါ့။ နေရာက အဲ့ကောင်တွေ ရှေ့ဆက်တိုးလာရင် ခဲနဲ့ ဝိုင်းပေါက်ရင်တောင် သေတယ်။ တစ်ဖက်မှာ ကမ်းပါးပဲရှိတာ တစ်ဖက်မှာတောင်။ သူတို့ ဘာမှ လုပ်လို့မရဘူး”

တိုက်ပွဲအတွင်း စစ်ကောင်စီက ၄၀ မမ ဗုံးသီးများ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ကာ လာလမ်းအတိုင်း ပြန်ဆုတ်သွားသည်ဟု ထိုသူက ဆက်ပြောသည်။

ထိုစစ်ကြောင်းမှာ တန့်ကြည်တောင်အနောက်ဘက် ယောချောင်းတစ်လျှောက် ကျေးရွာများကို ဝင်မွှေမည်ဟု PDF ဘက်က ယူဆသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ PDF အားကောင်းရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ အခြားနေရာများနည်းတူ ၎င်းတို့ဒေသများရှိ ရွာများတွင် စစ်တပ်က ရွာများကို စီးနင်းမီးရှို့မှုများ လုပ်နေကြောင်း၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ ပျူစောထီး ၁၀၀ ခန့်လည်း ရှိကြောင်း မြစ်ခြေ-ကျွန်းချောင်း PDF ဘက်က ပြောသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသလို သီးခြားအတည်ပြု၍ မရသေးပေ။

မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ မြစ်ခြေ- ကျွန်းချောင်း၊ ဆိတ်ဖြူ၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ယော ဒေသများသည် အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန်ခုခံနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles