အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

စစ်ကောင်စီဆောက်ထားသည့် ရန်ကုန်မြို့မှ အခိုင်အမာဘန်ကာများ

လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မြို့တွင် စစ်ကောင်စီ တည်ဆောက်ထားသည့် နှစ်ထပ်ဘန်ကာ များကို မေ ၁၂ ရက်က တွေ့ရစဉ်။ ဆန့်ကျင်တော်လှန်သူများ၏ မကြာခဏ ပြောက်ကျားတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် အလို့ငှာ စစ်ကောင်စီက ဘန်ကာများ အခိုင်အမာတည်ဆောက်ထားခြင်း ဖြစ်သည်။

အချက်အချာကျသော ရန်ကုန်မြို့ လမ်းဆုံလမ်းခွများတွင် ထိုနှစ်ထပ်ဘန်ကာများကို စစ်ကောင်စီက လအတန်ကြာကတည်းက တည်ဆောက်နေခြင်းဖြစ်သည်။ ဘာသာရေးအဆောက်အအုံများပါမကျန် လျှပ်စစ်ရုံး၊ ထွေအုပ်ရုံးနှင့် အားကစားရုံများတွင် သဲအိတ်များချထားကာ ခံတပ်သဖွယ်ပြင်ဆင်ထား သည်ကို တွေ့ရသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသည်အထိ နိုင်ငံအနှံ့ရှိ လက်နက်ကိုင် တော်လှန်မှုများကို ရင်ဆိုင်နေရသည့်အပြင် ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင်လည်း ပြောက်ကျား အဖွဲ့များ၏ တိုက်ခိုက်မှုများ ကြုံတွေ့နေရသည်။

ဓာတ်ပုံများ – ဝေမျိုး/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles