
ဧပြီလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သံဘိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး အရပ်သား အလောင်းတစ်လောင်းကို ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါသည်။
စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ခင်ဦးမြို့နယ်အတွင်း ရွာပေါင်း ၁၃ ရွာက အိမ်ခြေ ၁၀၀၀ နီးပါး မီးရှို့ခံထားရပြီး ဒေသခံ ၁၅၇ ဦး သတ်ခံရသည်ဟု ခင်ဦးမြို့နယ် PDF စာရင်းအရ သိရပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/O-f8_SXNDbk]



