အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး၊ မြစ်ငယ်မှ ၁၁ နှစ်သား ဖမ်းဆီးနှိပ်စက်ခံရ

မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှ ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသားကို စစ်ကောင်စီတပ်က မတ် ၂၆ ရက်နေ့က ၁ ရက်ကြာ ဖမ်းဆီးနှိပ်စက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။  

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့သည်ဟူသော သံသယနှင့် သရက်တန်းကျေးရွာမှ ဒေသခံ ၄ ဦး ဖမ်းဆီးခံရမှုတွင် မောင်မိုးလွန်း ပါသွားခြင်းဖြစ်သည်ဟု ထိုရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကလေးလေးကို အိမ်မှာတင်ပဲ ရိုက်နှက်ပြီး ဖမ်းသွားတာ၊ မျက်နှာတွေကို ရိုက်ပြီး ဖမ်းသွားတယ်။ လင်မယားနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်လည်း အဲ့လိုပဲ၊ စုတ်ပြတ်နေအောင် ရိုက်ပြီး ဖမ်းသွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။

ချုပ်နှောင်ခံထားရစဉ်လည်း ရိုက်နှက်ခံရသဖြင့် ကလေး၏မျက်နှာတစ်ခုလုံး ညိုမည်း ရောင်ကိုင်းနေသည်ကို မြင်ရကြောင်း၊ ဆေးရုံဆေးခန်းလည်း မပို့ရဲကြကြောင်း သူက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖမ်းဆီးခံရသူ အခြား ၃ ဦးမှာ ဦးဌေးဝင်း၊ အသက် ၄၀ ကျော်အရွယ်များဖြစ်ကြသည့် ဦးတရုတ်နှင့် ဒေါ်ဝင်းကြည်လင်မယားတို့ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ကို အမရပူရမြို့နယ် ရတနာ့ဂူဘုန်းကြီးကျောင်းထဲသို့ ခေါ်သွားခဲ့ပြီးနောက် ဒေါ်ဝင်းကြည်နှင့် ထိုကလေးကိုသာ ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု မိသားစုနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

ကျန်သည့် အမျိုးသားနှစ်ဦး သေဆုံးခြင်း မရှိသေးပါက မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းသို့ ရောက်နိုင်သည်ဟု ၎င်းက ယူဆနေသည်။

“ဒေါ်ဝင်းကြည်က ရက်ရက်စက်စက် နှိပ်စက်ခံထားရတယ်၊ ဆန်တစ်အိတ် ထောက်ပံ့ထားတယ်ဆိုပြီး ဖမ်းတာ” ဟု အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။

ထို ၄ ဦးကို ဖမ်းဆီးသည်၊ နှိပ်စက်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မြစ်ငယ်ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

မြစ်ငယ်တွင် လက်နက်ကိုင်ခုခံသူတို့နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသူ၊ ဆွေမျိုးတော်စပ်သူတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက သိမ်းဆည်းလျက်ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles