အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗဟင်းရွာရဲစခန်း ဝင်စီးသည့် PDF ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ခုခံခဲ့ရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ဗဟင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ (မတ် ၂၈) မွန်းတည့်ချိန်၌ အင်အားရာဂဏန်းဖြင့် သွားရောက်တိုက်ခိုက်စဉ် စခန်းသိမ်းရန် အလားအလာကောင်းခဲ့သော်လည်း လေတပ်က ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရသည်ဟု PDF ပူးပေါင်းအဖွဲ့ဘက်က ပြောသည်။

မြိုင်မြို့မှ ၁၆ မိုင်အကွာ ဗဟင်းရွာအလယ်တွင် စစ်သားနှင့် ရဲ ၆၀ ခန့် တပ်စွဲထားသည့် ရဲစခန်းကို ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)၊ အခြားမဟာမိတ်အဖွဲ့အချို့နှင့် ဒေသအခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ ပေါင်း၍ ညနေ ၄ နာရီအထိ အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟု ထိုအဖွဲ့တာဝန်ရှိသူအချို့က အတည်ပြုသည်။

“ကျွန်တော်တို့ စခန်းသိမ်းဖို့ ၈၀ ရာခိုင်နှုန်းလောက်ကို အုပ်စိုးပြီးသွားပြီ။ အဲဒီအချိန်မှာ လေယာဉ်နဲ့ တောက်လျှောက်လာပစ်တာ။ ကျွန်တော်တို့ကလေးတွေ မထိခိုက်ဖို့အတွက် ပြန်ဆုတ်ခဲ့ရတယ်” ဟု PRA ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောသည်။

“ရဟတ်ယာဉ်က ပတ်ချာလည် လှည့်ပြီးတော့ အခေါက်ပေါင်းမနည်းဘူး ပစ်တာ” ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ အမျိုးသားတစ်ဦးကလည်း ထိုအချက်ကို အတည်ပြုသည်။

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရချိန် နာရီဝက်ခန့်အကြာတွင် PDF အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဗဟင်းရွာသားတစ်ဦးထံမှ သိရသည်။ ပစ်ခတ်မှုများကြောင့် တိမ်းရှောင်နေရသည်ဖြစ်၍ မည်မျှထိခိုက်မှုရှိသည်ကိုမူ အတည်မပြုနိုင်ဟု ထိုရွာသားက ဆက်ပြောသည်။

PRA ခေါင်းဆောင် ဗိုလ်ဂျပန်၏ အဆိုအရ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၉ ဦးခန့် သေဆုံးဖွယ်ရှိကာ PDF ဘက်မှ နှစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မကွေးတိုင်းသည်လည်း ရှေ့တန်းမှ ပါဝင်နေရာ ထိုဒေသအတွင်းတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ နေ့စဉ်ဆိုသလိုဖြစ်နေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button