အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နွားချေးပုံဟောင်းတွင် မြှုပ်ခဲ့သည့် စစ်သားအလောင်းကို PDF မီးသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်တွင် ပြည်သူပိုင်ခြံဝင်းအတွင်း နွားချေးပုံနေရာဟောင်းတွင် မြှုပ်နှံထားရစ်ခဲ့သည့် စစ်သားအလောင်း ရှာတွေ့၍ မီးသင်္ဂြိုဟ်ပေးလိုက်ရသည်ဟု PDF ဘက်က ပြောသည်။

ထိုရွာတွင် မတ် ၉ ရက် ညနေပိုင်း၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရသော်လည်း ၎င်းတို့ ထိခိုက်မှု မရှိဟု ဝက်လက်ပြည်သူ့ကာကွယ်ရေး (PDF) တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်တွင် အင်အား ၆၀ ခန့်ပါသည့် စစ်တပ်က နေအိမ် ၅ လုံးကို မီးရှို့၍ ဆုတ်ခွာသွားကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့်အတူ ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာတွင် ထိုရုပ်အလောင်းရှာတွေ့ခြင်း ဖြစ်ကြောင်း ထိုတပ်ရင်းက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

စစ်အင်္ကျီမှ တံဆိပ်များ ခွာသွား၍ သေဆုံးသူ၏ တပ်ရင်း၊ တပ်ဖွဲ့နှင့် ရာထူး မသိရကြောင်း၊ အလောင်းတွေ့သည့် ခြံဝင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လုံခြုံရေးအရ ထုတ်မပြောနိုင်ကြောင်း ဝက်လက် PDF မှ အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မသင်္ကာလို့ မြေတွေ ယက်ကြည့်တဲ့အခါ တွေ့တာပဲ။ အရင်တုန်းက နောက်ချေးပုံနေရာဆိုတော့ မြေက တအားပွတာ။ အားစိုက်ပြီး တူးစရာ မလိုဘူး။ အသာအယာလေးပဲ ဖွရုံပဲ၊ ဖွရုံလေး တူးပဲ၊ မြေဖုံးပြီးမြှုပ်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

ဝက်လက် PDF တပ်ရင်း – ၂ က ထုတ်ပြန်ထားသော ဓာတ်ပုံများတွင် မြေကျင်းတိမ်တိမ်အောက်၌ မြှုပ်နှံထားသည့် ရုပ်အလောင်းကို တွေ့မြင်ရသည်။ 

PDF ဘက်ကမူ စစ်သားအလောင်းဟု အတည်ပြုပြီး ပ.က.ဖ များက ရွာပြင်သို့ ထုတ်ကာ မီးသင်္ဂြိုဟ်ပေးခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

“ရွာထဲမှာ ပြည်သူ့နေအိမ်က ခြံဝင်းမှာ ဒီလိုကြီး လုပ်ထားတာကျ မကောင်းဘူးလေ။ ကျွန်တော်တို့ အဖွဲ့တွေအတွက်လည်း မကောင်းဘူးလေ” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် တောင်ကုန်းရွာသို့ စစ်ကောင်စီ ပြန်လာနေသည်ဟု သတင်းများ ထွက်နေသဖြင့် ဒေသခံများ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်နှင့်ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ တိုးပွားနေရာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီက မတ်လဆန်းကပင် ဝက်လက်မြို့သို့ ရဟတ်ယာဉ်များ အသုံးပြု၍ လေကြောင်းမှတစ်ဆင့် စစ်အင်အား ရာချီ ဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button