အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မူကြိုကလေးတွေနဲ့အတူ လူသားဒိုင်းအဖြစ် အသုံးချခံရတဲ့ ချင်းပုန်းရွာဆရာမ ဘာပြောလဲ

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာတွင် ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်(YMB PDF) သင်တန်းဆင်း ပွဲပြုလုပ်နေစဉ် ရဟတ်ယာဉ် ၅ စီးဖြင့် စစ်သားများ ရုတ်တရက်ရောက်လာပြီး ကျေးရွာကိုတိုက်ခိုက်စီးနင်းခဲ့သည်။ ပစ်ခတ်မှုများကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပုန်းခိုနေသည့် ငါးနှစ်အောက်မူကြိုကလေး ၈၀ ကျော်အပါအဝင် ကျောင်းသား ၁၀၀ကျော်ကို ဖမ်းဆီးခဲ့သည်။

စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးခဲ့သည့် အရပ်သားများကိုလည်း အဆိုပါဘုန်းတော်ကြီးကျောင်းထဲတွင် ဖမ်းဆီးကာ ညှန်းပန်းနှိပ်စက်မှုများသုံးရက်ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။ စစ်သားများပြန်လည်ထွက်ခွာချိန်တွင် အဆိုပါဘုန်းကြီးကျောင်းပတ်ဝန်းကျင်တွင် စစ်သားများသတ်ဖြတ်ထားခဲ့သည့် ရုပ်အလောင်း ၉ လောင်းတွေ့ရှိခဲ့ရပြီး ပြည်သူသုံးဦးကိုလည်း ရဟတ်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်။ ကျန်ရှိခဲ့သည့် ကျောင်းသားတစ်ရာကျော်နှင့် အရပ်သားများ ထိုနေ့တွင် လွတ်မြောက်လာခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြန်လည်လွှတ်မြောက်လာသည့်ကျောင်းဆရာမတစ်ဦးအား Myanmar Now ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/jl9GoPMLYD4]

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles