
စစ်အာဏာသိမ်းပြီးအချိန်မှစတင်ပြီး ပြည်သူလူထု၏ ခုခံတော်လှန်မှုများကြောင့် နိုင်ငံတစ်ဝန်း စစ်မျက်နှာများဖွင့်ထားရသည့် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့်အချိန်တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာခြင်းသည် စစ်ကောင်စီကို အရူးမီးဝိုင်းသလို ဖြစ်စေပြီး စစ်ရေးအရ ပိုပြီးအထိနာစေကြောင်း စစ်ရေးနှံ့စပ်သူများက သုံးသပ်ကြပါသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမှုရှိမရှိမှာ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုအပေါ်တွင် မူတည်ကြောင်း ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/YTxE8NxxO8E]



