အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းကင်းတွင် ဗိုလ်ကြီးအဆင့်ရှိ စစ်တပ်အရာရှိတစ်ဦး၏ အလောင်းတွေ့ 

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ပေါ်ရှိ မင်းကင်းမြို့နယ် ဘင်ရွာအနီးတွင် ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့( ဖေဖော်ဝါရီ ၆) သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ကြောင်းကို ဆန်တက်နေသော စစ်ကောင်စီရေယာဉ်တပ်ဖွဲ့မှ ကြယ်သုံးပွင့်ရှိ ဗိုလ်တစ်ဦးအလောင်းကို ဘင်ကျေးရွာ၊ ဘင်ကျွန်းအနီးတွင် တွေ့ရှိခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မင်းကင်းနွေဦးတော်လှန်ရေး Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည့်ဓာတ်ပုံအရ စစ်တပ်ဝတ်စုံ ဖုံးအုပ်လျက် မလုံ့တလုံမြှုပ်နှံထားသည့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းပုံကို တွေ့ရသည်။ 

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃၁ ရက်က ဘင်ကျွန်း၊ မိုင်းနင်းမိ၍ သေဆုံးခဲ့ရာမှာ အနီးဝန်းကျင်တွင် မြေမြှုပ်ခဲ့ခြင်းဖြစ်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သံလုံးဆိုသူက ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘင်ကျွန်းမှာ သူတို့က ယမ်းမော်တော်တွေကပ်ပြီးတော့ ဆင်းတဲ့အချိန်မှာ ကျွန်တော်တို့က သူတို့ ကပ်မဲ့နေရာကို ထောင်ထားတာ။ မိပြီးတော့ သူတို့ အဲ့နားမှာ မြေမြှုပ်ထားလိုက်တာ” ဟု ၎င်းက Myanmar Now ကို ယနေ့ (ဖေဖော်ဝါရီ ၆) တွင် ပြောသည်။​ 

အလောင်းမှာ ၁၀၁ တပ်ရင်းမှ ကြယ်သုံးပွင့်အဆင့်ရှိသူဖြစ်ကြောင်း ယမန်နေ့တွင် စစ်တပ်အရာရှိအလောင်းကို ကိုယ်တိုင်တွေ့ရှိသူ ဗိုလ်သံလုံးက ဆိုသည်။ 

“မြေမြှုပ်ခဲ့တာကို အနံ့ရလို့ ဖော်ထုတ်ကြည့်တဲ့အခါ သူ့အင်္ကျီကိုပဲ​ ခန့်မှန်းရတာ။ ရုပ်ကတော့ သိပ်မဖြစ်တော့ဘူး။ ဖြစ်သလိုမြှုပ်ထားတာ။ အနံ့လည်း တော်တော်ထွက်နေပြီ။ ကျွန်တော်တို့ မြေနက်နက်နဲ့ ထပ်မြှုပ်လိုက်ရတယ်။ အဲနားမှာ အနံ့မခံနိုင်အောင်ဖြစ်နေလို့ မရတော့ဘူး” ဟု ၎င်းက ပြောသည်။​

မင်းကင်းမြို့မှ ရေမိုင် ၂၈ မိုင်ခန့်အကွာရှိ အိမ်ခြေ ၂၀၀ နီးပါးရှိ ဘင်ရွာနှင့် အိမ်ခြေ ၄၀၀ ခန့်ရှိ အုပ်န္နဲဘုတ်ရွာတို့ကို ဇန်နဝါရီ ၃၁၊ အိမ်ခြေ ၂၀၀ ခန့်ရှိ အနောက်တောရွာကို ဇန်နဝါရီ ၂၉ တွင် စစ်တပ်က ဝင်စီးကာ မီးရှို့ဖျက်ဆီးခဲ့သည်။​

ထို့ပြင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၃၇ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။ ထိုဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ဒေသခံများနှင့် ပတ်သက်၍မူ လက်ရှိအခြေအနေကို မသိရသေးပေ။

စစ်တပ်က မြစ်ကြောင်းအတိုင်း ချီတက်စဉ် မင်းကင်းနှင့် တန့်ဆည်မြို့နယ်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်သဖြင့် ကုန်တင်ရေယာဉ်နှစ်စီး ပျက်စီးခဲ့သည်ဟု ဗိုလ်သံလုံးက ဆိုသည်။

လက်ရှိတွင် စစ်တပ်က မင်းကင်းမြို့နယ်ရှိ ပျူစောထီးတို့ အင်အားကောင်းရာ တောင်ဖြူနှင့် ပန်းဆက်ရွာတွင် အခြေချကာ အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button