
နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်အားကိုးဖြင့် သိမ်းယူခဲ့ပြီးနောက် မတရားမှုကို မလိုလားသည့် အရာရှိအပါအဝင် တပ်မတော်သားအချို့သည် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာကြပြီး ပြည်သူနှင့်အတူရပ်တည်လာကြသည်။
လက်ရှိတွင်လည်း တပ်မတော်သားများသည် ပြည်သူ့ရင်ခွင်ခိုလှုံရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိနေကြဆဲဖြစ်သည်။ အာဏာသိမ်းပြီး တစ်နှစ်အတွင်း တပ်မတော်၏အခြေအနေများကို CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးလင်းထက်အောင်၊ တပ်ကြပ်ကြီးထက်နိုင်အောင်နှင့် တပ်ကြပ်သူရဇွဲမာန်တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/pGlO8k0XQd4]



