အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“MOGE အပေါ် ထားရှိရမဲ့ ဆန်ရှင်ကို ဆက်ပြီးတော့ လုပ်ရမယ်”- ဦးစိုးသူရထွန်း

“တစ်နှစ်ကို ငွေကြေး ဒေါ်လာ သန်း ၅၀၀လောက်ဆိုတာထက် ပိုကြီးတဲ့အကြောင်းအရာကတော့ ‘မင်းတို့က တရားမဝင်ဘူး။ မင်းတို့ကို စီးပွားရေးလုပ်ငန်းရှင်အကြီးကြီးတွေက၊ ဒီလောက်ကြီးတဲ့လုပ်ငန်းကြီးတွေက မင်းတို့ကို မယုံကြည်တော့ဘူး။ မင်းတို့နိုင်ငံမှာ စီးပွားရေးလုပ်ဖို့ မသင့်တော်ဘူး’ လို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာပါပဲ”

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ ပြင်သစ် တိုတယ်နဲ့ အမေရိကန် ချက်ဗရွန်တို့က မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အသီးသီးဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအတွက် အများကြီး အထိနာစေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းတွေကို ဖြတ်တောက်နိုင်တာဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ ဘယ်လောက်အကျိုးရှိပါသလဲ။ ဆက်လက်ပြီး နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အီးယူနဲ့ အမေရိကန်က ဆက်လက်ပိတ်ဆို့အရေးယူမဲ့ အလားအလာတွေကော ဘယ်လိုရှိပါသလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/sQT12U4MtsA]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles