
စစ်ကောင်စီတပ်များ နေ့စဉ်မိုင်းခွဲတိုက်ခံနေရသည့် စစ်ကိုင်းတိုင်းအတွင်း ပစ်မှတ်ထားခံရသော လက်နက်ကိုင်တော်လှန်ရေးသမားများအနက် ဗိုလ်နဂါးဆိုသည့် ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကို စစ်ရဟတ်ယာဉ်လေးစီးသုံးပြီး ဝင်စီးခဲ့သော်လည်း ဗိုလ်နဂါးကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိႇဘဲ လွတ်မြောက်သွားခဲ့သည်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်မှုအားကောင်းသောကြောင့် လွတ်မြောက်နယ်မြေတစ်ခုအလားဖြစ်လာသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက လူသားဒိုင်းအသုံးပြုခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းတို့ကြောင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့များအတွက် အခက်အခဲရှိနေကြောင်း တော်ဝင်နဂါးတပ်ဖွဲ့ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/dqPRfy62N4c]



