အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ၈၈ ကျောင်းသားဟောင်းတစ်ဦး ထောင် ၃ နှစ်ချခံရ

မန္တလေးမြို့တွင် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးညီညီကျော်ကို ယနေ့ (ဇန်နဝါရီ ၇) တွင် အိုးဘိုအကျဉ်းထောင် အထူးတရားရုံးက ထောင် ၃ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနီးစပ်သူများထံမှ သိရသည်။

အရပ်ဘက်အဖွဲ့အစည်းများ၌ ပါဝင်လှုပ်ရှားနေသူ ဦးညီညီကျော်ကို စစ်ကောင်စီက မတ် ၆ တွင် ဖမ်းဆီးခဲ့ပြီးနောက် ၁၀ လအကြာတွင် ထိုသို့အမိန့်ချမှတ်လိုက်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် မိသားစုနှင့် နီးစပ်သူက ဆိုသည်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ချခြင်းဖြစ်ကြောင်း၊ အခြားပုဒ်မနှစ်ခုနှင့် စွဲဆိုခဲ့သော်လည်း ပုဒ်မ ၁ ခုနှင့်သာ ထောင်ချလိုက်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လည်ပင်းတွင် ကျည်ထိမှန်သေဆုံးခဲ့သော ကိုဇော်မျိုးကို ဆိုသူ၏ နာရေးကို ကူညီရန် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သူ၏သားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လမ်းမှာ မသင်္ကာဖွယ်လူတွေ့လို့ စစ်မေးနေတဲ့အချိန် ရဲတွေရောက်လာပြီး လူအုပ်ကို ဖြိုခွဲတာ၊ ကျွန်တော့်အဖေက လဲကျပြီး ကျန်ခဲ့တဲ့အချိန် အဖမ်းခံရတာ” ဟု သားဖြစ်သူ ကိုညီမျိုးဆက်က ထိုစဉ်က Myanmar Now ကို ပြောခဲ့သည်။

၅၇ နှစ်အရွယ် ဦးညီညီကျော်သည် ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ရဲဘော်ဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်သဖြင့် စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု မန္တလေးနိုင်ငံရေးအသိုင်းအဝိုင်းက ယူဆကြသည်။ 

ဦးညီညီကျော်သည် ၂၀၁၄ တွင် တည်ထောင်သော မေတ္တာကမ်ပိန်းလူငယ်အဖွဲ့ (Metta Campaign Youth) တွင်လည်း ပါဝင်လှုပ်ရှားနေသူဖြစ်ပြီး ထိုအဖွဲ့အစည်းသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို စောင့်ကြည့်လေ့လာခြင်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးနှင့် ပတ်သက်၍ သုတေသနပြုခြင်း၊ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ခြင်းများကို ဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ အစပြုပြီး နိုင်ငံအနှံ့အပြားတွင် လူအများအပြားကို ဥပဒေမဲ့ဖမ်းဆီးခဲ့သည်။ 

ဇန်နဝါရီ ၇ အထိ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၈၄၃၇ ဦးထက်မနည်း ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles