-
သတင်း
ဖားကန့်တွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ
ဖားကန့်မြို့အရှေ့ဘက်တွင် တစ်ဆက်တည်းရှိနေသည့် လုံးခင်းကျေးရွာကြီးမှ စစ်ကောင်စီတပ်များသည် အနောက်ဘက် ဆွတ်ဘွမ်၊ မှော်ဝမ်းကြီးနှင့် တောမှော်စသည့် ကျေးရွာများသို့ ထိုးဖောက်ရန် ကြိုးစားနေခြင်းကြောင့် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့က ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။
-
သတင်း
ပေါက်တောတွင် AA ရဲဌာနဖမ်းထားသည့် သက်ငယ်မုဒိမ်း သံသယရှိသူ ထွက်ပြေးသွား
အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိသူ တစ်ဦးအား ရပ်ရွာက ဖမ်းဆီး၍ AA ရဲဌာနထံ အပ်နှံခဲ့သော်လည်း ညတွင်းချင်း ထွက်ပြေးသွား၍ တာဝန်ကျသူများအား အရေးယူစေလိုသည်ဟု ဒေသခံများက ဆိုကြသည်။
-
ရုပ်သံသတင်း
တရုတ်ရဲ့ ဟန့်တားနှောက်ယှက်မှုများ ရှိသော်လည်း မဟာမိတ် အာဖရိကတိုက် ခရီးစဉ်မှ ထိုင်ဝမ်သမ္မတ ပြန်ရောက်
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ အာဖရိကတိုက်ရဲ့ တောင်ဘက်အစွန်ပိုင်းက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Eswatini (အဲ့ဆွာတီနီ) နိုင်ငံကို သံတမန်ခရီးစဉ်အဖြစ် မေလ ၂ ရက်က သွားရောက်ခဲ့ပါတယ်။
-
သတင်း
TNLA လက်လွှတ်ခဲ့ရသည့် ၆ မြို့တွင် တအာင်းကျောင်း ၃၀၀ ကျော် ပိတ်လိုက်ရ
လက်လွှတ်ခဲ့ရသည့် မြို့များတွင် စစ်တပ်နှင့် ကိုးကန့်တပ်က ၎င်းတို့အစီအစဉ်ဖြင့်သာ ပညာရေး၊ အုပ်ချုပ်ရေး လည်ပတ်နေပြီး တအာင်းပြည်ပညာရေးကောင်စီ (TLEC) ကျောင်းများအား ဖွင့်ခွင့်မပြုသဖြင့် ပိတ်လိုက်ရသည်။
-
သတင်း
စစ်ကိုင်းတိုင်း မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်
လေးရက်ကြာ မြေပြင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်များ မော်လူးမြို့မှ ဆုတ်ခွာပေးလိုက်ရသည်။



