ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကမူ ဗဟိုသို့ သတင်းပို့ထားခြင်းမရှိ၊ ထိုအကြောင်းကို မကြားမိဟု ငြင်းသည်။
Move Forward နှင့် မဟာမိတ်ပါတီများ၏ ခြေလှမ်းကို စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ထိုင်းဝန်ကြီးချုပ်က အပြစ်တင်ကာ ဆန့်ကျင်ကြောင်း ပြောသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မြေယာရောင်းချရသည် မရှိဘဲ လည်ပတ်ဆဲလုပ်ငန်းများမှသာ ဝင်ငွေရှိနေသည်ဟု မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၏ မေလ ၂၄ ရက်ထုတ် ဘဏ္ဍာရေးအစီရင်ခံစာက ဆိုသည်။
မန္တလေး-ရှမ်းနယ်စပ် ရဲကင်းစခန်းကို ဝင်တိုက်စဉ် ရဲတချို့ သေဆုံးပြီး လက်နက်များ ရရှိခဲ့သည်၊ ရဲမိသားစုဝင် အမျိုးသမီးများ၊ ကလေးများကို ပြန်လွှတ်ပေးခဲ့သည်ဟု ABSDF က ဆိုသည်။
ရဲစခန်းတိုက်ပွဲ၊ စစ်ကောင်စီတပ် လက်နက်ကိုင်ပေါင်းစုံ၏ တပ်စွဲမှုတို့နှင့် ကြုံတွေ့ရအပြီး စစ်ကိုင်းမြို့နယ်အတွင်းမှ ကြွယ်ဝသောရွာကြီးတွင် လုယက်ဖျက်ဆီးမှုများ ပေါ်ပေါက်နေသည်။