အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

စစ်ကောင်စီထုတ်ပြန်ချက် မိုးလုံးပြည့်မုသာဝါဒဖြစ်သည်ဟု KNU တုံ့ပြန်

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် ဖြစ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ရှင်းလင်းချက်မှာ မိုးလုံးပြည့်မုသာဝါဒသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက တုံ့ပြန်ပြောဆိုလိုက်သည်။

မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ နေ့စဉ်ရက်ဆက် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၂၈) တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ရာ၌ မိမိကိုယ်မိမိခုခံကာကွယ်ရန်အလို့ငှာ အနည်းဆုံးအင်အား အသုံးပြုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းရာတွင် ၁၉၈၈ ကတည်းက တောက်လျှောက်သုံးစွဲနေသည့် မိုးလုံးပြည့်မုသာဝါဒအတိုင်း ဝါဒဖြန့်ချိနေခြင်းသာဖြစ်ပြီး လက်ခံနိုင်စရာ တစ်ခုမှပင်မပါကြောင်း ပြောသည်။​

သတင်း၊ တင်ဆက် – မောင်ရွှေဝါ၊ လင်းထင်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now Youtube Channel

https://youtu.be/8PwHEZ6KOD8

တွင် HD quality ဖြင့်ကြည့်ရှုနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/8PwHEZ6KOD8]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles