မေးမြန်းခန်း

KNU ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပဒိုစောတောနီးနှင့် ဆက်သွယ်မေးမြန်းချက်

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်သောဒေသဖြစ်သည့် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ဒုတိယအပတ်ကစတင်ပြီး အင်အားအလုံးအရင်းသုံးကာ တိုက်ခိုက်လာမှု အပေါ်မှာ KNU ကကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။

KNU ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် လေးကေ့ကော်မှ စစ်‌ရှောင်ခဲ့ရသည့် ပြည်သူများ၏အခြေအနေ၊ လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးရန်တောင်းဆိုမှုများအပြင် စစ်ကောင်စီတပ်သားများအနေဖြင့် စစ်အာဏာရှင်ကိုစွန့်ခွာပြီး ပြည်သူများနှင့်အတူ ရပ်တည်ရန် စသည့်အချက်များ ပါဝင်နေသည်။ ကြေညာချက်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူနှင့် နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကို Myanmar Now ကဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/0Ctv1aSX5As]

Show More

Related Articles

Back to top button