
ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ အင်ပင်ရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၂၉) မွန်းလွဲပိုင်းမှစ၍ စစ်တပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း ဒီပဲယင်း PDF တာဝန်ရှိသူက ပြောသည်။
ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းပြီးနောက် စစ်ကောင်စီက နေရာသုံးနေရာခွဲ တပ်စွဲကာ ကျေးရွာများကို ဝင်ရောက်စီးနင်းနေသောကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/mYJhEwDiBHI]