မြို့လုံးကျွတ်စစ်ရှောင်နေရစဉ် နေအိမ်ပေါင်း ၂၀၀ ကျော်မီးရှို့ခံထားရသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ယမန်နေ့(နိုဝင်ဘာ ၂၄) က မီးထပ်မံလောင်ကျွမ်းရာ နေအိမ် ၅၀ ခန့် ပါသွားသည်။
မွန်းလွဲ ၁နာရီခန့်တွင် တစ်နာရီကြာ တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်က မြို့ကို နောက်တစ်ကြိမ် မီးရှို့ခြင်းဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ဘက်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/JVSHIarZZF4]