အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းဒုဝန်ကြီးချုပ် နေ့ချင်းပြန်ခရီးစဉ်ဖြင့် နေပြည်တော်ရောက်ရှိနေ 

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai သည် နေ့ချင်းပြန်ခရီးစဉ်အဖြစ် ယနေ့ (နိုဝင်ဘာ ၁၄) တွင် နေပြည်တော်သို့ လာရောက်ကာ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံရန်ရှိနေသည်။ 

Myanmar Now က ရရှိထားသည့် ခရီးစဉ်ဆိုင်ရာ လျှို့ဝှက်စာအရ ထိုင်းဒုဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် တိုက်ရိုက်လာရောက်သည့် ထိုင်းဒုဝန်ကြီးချုပ်၏ နေ့ချင်းပြန်ခရီးစဉ်အတွင်း စစ်ကောင်စီနှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးရန်ရှိသည်ကို မသိရပေ။ 

ထိုင်းဒုဝန်ကြီးချုပ်သည် ညနေပိုင်းတွင် နေပြည်တော်လေဆိပ်၌ ပြုလုပ်ရန်ရှိသည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းသော ကိုဗစ်နိုင်တင်း (Covid-19) ကာကွယ်ဆေးလှူဒါန်းပွဲသို့ တက်ရောက်မည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုင်းဒုကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai သည် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆွေးနွေးပွဲတစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့သူဖြစ်သည်။ 

ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လျှပ်တစ်ပြက်တွေ့ဆုံခဲ့ရာတွင် ထိုင်းဒုဝန်ကြီးချုပ် Don Pramudwinai က ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ 

ဖေဖော်ဝါရီလအတွင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်၌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် Don Pramudwinai ပါဝင်ခဲ့သည်။ (ဓာတ်ပုံ − Reuters) 

အရှေ့တောင်အာရှဒေသအတွင်း ထိုင်းအစိုးရသည် အာဏာသိမ်းစစ်ကောင်စီနှင့် အနီးကပ်ဆုံးဆက်ဆံရေးရှိသည်ဟု နိုင်ငံတကာက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာ့အရေးနှင့် ပတ်သက်၍ ကြားဝင်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်များက ထိုင်းအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံလေ့ရှိသည်။

အာဆီယံဘုံသဘောတူညီချက်အရ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လအတန်ကြာ အချေအတင်ဖြစ်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံအချို့က အဆိုပြုသူများအနက် ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Virasakdi Futrakul ကို စစ်ကောင်စီက ဦးစွာသဘောတူခဲ့ဖူးသည်။ 

လက်ရှိတွင် နေပြည်တော်သို့ တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် Sun Guoxiang သည်လည်း ဒုတိယအကြိမ်အဖြစ် နေပြည်တော်သို့ ရောက်ရှိနေပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန်ရှိကြောင်း စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။ 

ယခုရက်ပိုင်းအတွင်း နေပြည်တော်သို့ နိုင်ငံတကာသံတမန်တချို့ လာရောက်လျက်ရှိရာ စစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဆာဆာကာဝါနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles