
စစ်အာဏာရှင်ကို ရက်ပေါင်း ၂၀၀ကျော် နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြနေသည့် မန္တလေးသံဃသမဂ္ဂရဟန်းတော်များကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အောက်တိုဘာ ၂တွင် ကားဖြင့် တိုက်ဖမ်းသဖြင့် ရဟန်း ၅ ပါးနှင့် လူပုဂ္ဂိုလ် ၃ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ဥပဒေကြောင်းအရ အကူအညီမရသေးကြောင်း သံဃသမဂ္ဂရဟန်းတော်တစ်ပါးက မိန့်သည်။
ယမန်နေ့က ဖြိုခွင်းခံရမှုတွင် ကိုယ်တိုင်ပါဝင်ပြီး လွတ်မြောက်ခဲ့သူ မန္တလေးသံဃသမဂ္ဂမှ ရဟန်းတစ်ပါးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/d1j0puj4apM]