
စစ်ဖြစ်သည့်အခါ ဒေသခံလူထု၏ ထောက်ခံအားပေးမှုက အဓိကကျသောကြောင့် ပြည်သူလူထုထောက်ခံမှုမရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များအတွက် လက်ရှိအချိန်တွင် ‘ပြည်သူ့စစ်မဟာဗျူဟာ’ ကျဆုံးခန်း ရောက်နေပြီဟု စစ်ရေးဗျူဟာနှံ့စပ်သူများက သုံးသပ်ကြသည်။ ပြည်သူမထောက်ခံသည့် စစ်ကောင်စီတပ်အတွက် နေရာတိုင်းက ၎င်းတို့၏ ရန်သူဖြစ်နေသဖြင့် စစ်ကောင်စီဘက်တော်သား လက်နက်ကိုင်စစ်သားနှင့်ရဲများပင် ကျီးလန့်စာစားဘဝ ဖြစ်နေပြီဟု အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောလိုက်သည်။
စစ်ကောင်စီအတွက် ကျဆုံးခန်းရောက်လာသည့် ပြည်သူ့စစ်မဟာဗျူဟာက စစ်ကောင်စီကို လက်နက်ကိုင်ပြန်တိုက်မည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် အဓိကကျသည့် ပင်မကျောရိုးစစ်ဗျူဟာတစ်ရပ် ဖြစ်လာသည်။
[youtube https://youtu.be/doEHGIc_kO4]