ရုပ်သံသတင်း

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဟားခါးနှင့် ထန်တလန်တွင် နေအိမ် ၂၀ မီးလောင်

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နှင့် ထန်တလန်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၈) က စစ်တပ်နှင့် ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ (CDF) အကြား မြို့ပေါ်တိုက်ပွဲများဖြစ်ပွားပြီး ထန်တလန်မြို့၌ လက်နက်ကြီးဒဏ်ကြောင့် နေအိမ် ၁၉ လုံးမီးလောင်၊ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဟားခါးမြို့တွင် ပြည်သူသုံးဦးခန့် ထိခိုက်ဒဏ်ရာရကာ လူနေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း၊ ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။

ထန်တလန်မြို့၌ ပစ်သတ်ခံရသည့် ပြည်သူတစ်ဦးမှာ သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်သတ်ကာ လက်စွပ်ဝတ်ဆင်ထားသည့် လက်သူကြွယ်ကို ဖြတ်တောက်သွားခဲ့သည်။

[youtube https://youtu.be/AHcDi9-J4Yg]

Show More

Related Articles

Back to top button