ရုပ်သံသတင်း

ချောင်းဦးတွင် စစ်ကောင်စီက ရဟတ်ယာဉ်သုံးတိုက်ခိုက်သဖြင့် PDF ၅ ဦးသေဆုံး

စစ်ကောင်စီက ရဟတ်ယာဉ်ပါ အသုံးပြုခဲ့သည့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့ အနောက်ဘက် ၂ မိုင်ခန့် အကွာရှိ မယ်သဲကြိုးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၁၆)က တိုက်ပွဲအတွင်း အဖွဲ့ဝင် ၅ ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံရသည်ဟု ချောင်းဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းသည့် ရရာလက်နက်ကိုင်စွဲပြီး အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသောဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီကလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ ရွာလုံးကျွတ်မီးရှို့ စသည့် အကြမ်းနည်းများသုံး၍ စစ်ကိုင်းတိုင်းအတွင်း အပြင်းအထန်ဖိနှိပ်နေသည်။

[youtube https://youtu.be/D08QVQI93Tc]

Show More

Related Articles

Back to top button