ရုပ်သံသတင်း

စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီပြည်နယ်တစ်ခုလုံး တိုက်ခိုက်သွားမည်ဟု KNDF ဆို

အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံစစ်ဆင်နွှဲနေကြသည့် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်‌ တောင်ပိုင်း ကရင်နီဒေသအတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် စစ်မျက်နှာဖွင့်ပြီး အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေသည့် ကရင်နီပြည်နယ်အတွင်းတွင် KNDF၊ KAတို့အပြင် ဒေသကာကွယ်ရေးအဖွဲ့ (PDF) များရှိကြပြီး အားလုံးပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေကြခြင်းဖြစ်သည်။

[youtube https://youtu.be/h-vXCdWJYhw]

Show More

Related Articles

Back to top button