
စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေသည့် ဂန့်ဂေါနယ်ထဲရှိ မြင်သားရွာ၊ နှမ်းခါးရွာအနီးက မွှေ့လယ်ရွာနှင့် ရေရှင်ရွာတွင် စစ်ကောင်စီက သတ်ဖြတ်ထားသည့် ရုပ်အလောင်းငါးလောင်းကို စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဒေသခံများကအတည်ပြုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ရွာသားများကို ဦးခေါင်းနှင့်ဝမ်းဗိုက်ကို သေနတ်ဖြင့်ပစ်သတ်၊ ဓားဖြင့်ထိုးသတ်သလို ကျားအင်္ဂါကိုဖြတ်ပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ထားသူတစ်ဦးကိုလည်း တွေ့မြင်ရကြောင်း အသတ်ခံရသူများ၏ ငွေနှင့် လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားခဲ့ကြကြောင်း ဒေသခံများကဆိုသည်။
[youtube https://youtu.be/m80tJbHFDso]