
စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၌ Mytel တာဝါတိုင်အား အမည်မသိအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel လုပ်ငန်းသည်မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တို့ ပူးပေါင်းလုပ်ကိုင် နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာစစ်တပ်အတွက် ဝင်ငွေများစွာရှာဖွေပေးနေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။
PDF တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လမှစ၍ နိုင်ငံတစ်ဝန်းရှိ Mytel တာဝါတိုင်များကို ပစ်မှတ်ထားဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သည်။ Myanmar Now က စာရင်းစုစည်းထားချက်အရ ပြီးခဲ့သည့်ဇွန်လမှ ယနေ့အထိ Mytel ဆက်သွယ်ရေးတာဝါတိုင်များဖောက်ခွဲဖျက်ဆီးခံရမှု ၈၀ ပတ်ဝန်းကျင်ရှိသည်။
[youtube https://youtu.be/mG8j0kv92u4]