
ချင်းပြည်နယ်တိုက်ပွဲများကြောင့် အိန္ဒိယနိုင်ငံနယ်စပ်သို့ တိမ်းရှောင်နေရသည့် ထန်တလန်မြို့နယ် လုံလဲရ်ရွာက သက်ကြီးရွယ်အိုနှင့် ကလေးငယ်တွေအပါအဝင် စစ်ရှောင် ၉၀၀ ကျော်အတွက် အကူအညီများအရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောပါသည်။
စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲသည့် ထန်တလန်မြို့နယ် လုံလဲရ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ ယောက် ကျဆုံးပြီး လက်နက်အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF က စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သလို လုံလဲရ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဂျက်လေယာဉ်ပျံဝဲပြီး နေ့စဉ်လာရောက်ကင်းထောက်နေသဖြင့် လက်ရှိအချိန်အထိ စစ်ရေးတင်းမာလျက်ရှိနေသည်။
[youtube https://youtu.be/68d1grsy_es]



