
ကိုဗစ်အကြောင်းပြ၍ တရားရုံးမထုတ်ဖြစ်သည့် နှစ်လတာအတွင်း မည်သူနှင့်မျှတွေ့ခွင့်မရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယနေ့(စက်တင်ဘာ ၁၃) ပြန်စသည့် ရုံးချိန်းတွင် နေမကောင်းဖြစ်နေ၍ ထိန်းသိမ်းခံထားရသည့် နေရာသို့ ပြန်သွားရသည်ဟု ၎င်း၏ ရှေ့နေများထံမှ သိရသည်။
တရားရုံးသို့ ပို့သည့် မော်တော်ယာဉ်မှာ ကြမ်းတမ်းစွာ မောင်းနှင်ခဲ့ခြင်းကြောင့် ကားမူးခဲ့သည့်အပြင် နှာမွှန်နေခြင်းကြောင့် ထိုင်၍ပင်မနေနိုင်ဖြစ်ခဲ့ရကြောင်း ရှေ့နေများက ပြောသည်။
[youtube https://youtu.be/3nMHr3_iRlw]