
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို ပြန်လည်ခုခံကြရန် ပြည်သူ့တော်လှန်ရေး ကြေညာပြီးနောက် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာများ အပြိုင်အဆိုင်တင်လာကြသည်။
စစ်ကောင်စီယန္တရားမှာ ပါဝင်ပြီး တာဝန်ထမ်းဆောင်ပေးနေသည့် အုပ်ချုပ်ရေးမှူးများအပါအဝင် သတင်းပေးဒလန်ဟု ယူဆရသူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ်မှုများ နိုင်ငံအနှံ့ နေ့စဉ်ဖြစ်ပွားနေပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၂ ဦးသတ်ဖြတ်ခံရကာ စစ်ကောင်စီနှင့် ပတ်သက်မှုကြောင့် စုစုပေါင်း ၉၀၀ ဦးကျော်သတ်ခံရသည်ဟု စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုထားပါသည်။
[youtube https://youtu.be/_EP_HVHu7P0]