ရုပ်သံသတင်း

စစ်အာဏာရှင်ဆန့်ကျင်ကြောင်း တကသကျောင်းသားဟောင်းများ မြန်မာပလာဇာတွင် ဆန္ဒပြ

စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ုကုန်မြို့ လူစည်ကားရာနေရာတစ်ခုဖြစ်သည် မြန်မာပလာဇာတွင် တကသကျောင်းသားဟောင်းများအင်အားစုက ဦးဆောင်ပြီး ပြည်သူတစ်ရပ်လုံးတော်လှန်ရေးတွင် ပါဝင်ကြရန် ပြောက်ကျားဆန္ဒပြခဲ့ကြသည်။

ပြည်သူ့တော်လှန်ရေးပြည်သူအားလုံးပါဝင်ကြ စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းမှု ၇ လနီးပါးရှိလာချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အရှိန်လျော့ကျသွားခြင်းမရှိဘဲ လက်နက်ကိုင်ခုခံနေသည့်လူငယ်များ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တန်ပြန်တိုက်ခိုက်နေကြသလို မြို့ပေါ်တွင်လည်း ပြောက်ကျားဆန္ဒပြမှုများ ဆက်လျက်ရှိနေဆဲဖြစ်သည်။

[youtube https://youtu.be/Xo-zWAl2mGI]

Show More

Related Articles

Back to top button