
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအနီးတွင် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသဖြင့် နှမ်းခါးရွာအတွင်း အငြိုးတကြီးဝင်ရောက်ကာ နေအိမ် ၃၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားသည့်အခြေအနေများနှင့် ရွာမီးရှို့ခံရသည့် အခြေအနေများအပေါ် နှမ်းခါး ရွာသားတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
[youtube https://youtu.be/5b96_X8fBqg]