
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့တော်လှန်ရေးတိုက်ပွဲ စတင်မည်ဟုကြေညာချက်ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ စစ်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေး ရဲဘော်များကို ကူညီပေးရန်လိုသလို မိမိ၏ လုံခြုံရေးကိုလည်း ဂရုစိုက်ရန်လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း(သင့်ဘဝ)က ဆိုသည်။
NUG အစိုးရက မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အာဏာရှင်များကို ပြည်သူများအနေဖြင့် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဆန့်ကျင်တော်လှန်ကြရန် စက်တင်ဘာ ၇ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
[youtube https://youtu.be/QKvnXVncoMY]