
မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့(စက်တင်ဘာ ၉)နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး နောက်ထပ်နှစ်ဦးမှာလည်း သေ၊ မသေ အတိအကျမသိရသည့်တိုင် အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန် ရနိုင်သည်ဟု သံမဏိနှင့်အဖွဲ့သားများ၏ အဖွဲ့ခေါင်းဆောင်က အတည်ပြုသည်။
လူသွားလူလာနည်းသည့် အဆိုပါ စစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်လည်း စစ်ကောင်စီဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၎င်းတို့အနီးတွင်မနေရန် ကိုသံမဏိက တိုက်တွန်းလိုက်သည်။
[youtube https://youtu.be/jqh66IKqsSw]