
စစ်အာဏာသိမ်းမှုအပေါ် ပုံစံမျိုးစုံဖြင့် နေ့စဉ်ရက်ဆက် ကန့်ကွက်နေကြသည့် ရန်ကုန်လူငယ်များသည် ယနေ့(ဇွန် ၂၅)နံနက်ပိုင်းကလည်း ဗဟန်းမြို့နယ်တွင် “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဟူသည့် ကြွေးကြော်သံများဖြင့် ပြောက်ကျားပုံစံ ဆန္ဒပြကြသည်။
စစ်ကောင်စီတပ်များ၏ ဖမ်းဆီး၊ ပစ်ခတ်မှုများကြားကပင် မြို့ရွာအသီးသီးရှိ စစ်အာဏာရှင်ကို ဆန့်ကျင်ကြသည့် ပြည်သူများက ပုံစံမျိုးစုံဖြင့် နိုင်ငံတစ်ဝန်း ဆက်လက်ဆန္ဒပြနေကြသည်။
[youtube https://youtu.be/nWzxH2QtEIY]