အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မန္တလေးမြို့တိုက်ပွဲ အခြေအနေကို PDF ခေါင်းဆောင်က ဘာပြောလဲ

မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Mdy) ရုံးခန်းများကို စစ်တပ်နှင့် ရဲက ယနေ့ (ဇွန် ၂၂) နံနက်၌ ဝင်ရောက်စီးနင်းရာ PDF တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေသည်။ ယနေ့နံနက် မနက် ၈ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်ရှိ PDF များအခြေစိုက်ရာ နေရာနှစ်ခုကို စစ်ကား၊ ရဲကား အစီးရေ ၂၀ ခန့်ရောက်ရှိလာပြီး ပစ်ခတ်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ် PDF ၏ လှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် မဖြန့်ဝေရန်နှင့် ပြည်သူများအနေနှင့်လည်း ပူးပေါင်းကူညီပေးရန် တောင်းဆိုထားပြီး ယနေ့မနက်ဝင်ရောက်စီးနင်းမှုကြောင့် PDF တပ်ဖွဲ့ဝင် ၈ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

[youtube https://youtu.be/sHtuNNXZ9aQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles