
မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာကို မီးရှို့မှုသည် ၎င်းတို့ လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီ၏ ငြင်းဆိုထုတ်ပြန်ချက်သည် အလိမ်အညာသာဖြစ်သည်ဟု ဒေသခံများက ထောက်ပြပြောဆိုကြသည်။
ပေါက်မြို့နယ်တောင်ဘက် မိုင် ၂၀ အကွာရှိ ကင်းမရွာကို စစ်ကောင်စီက ဇွန် ၁၅ ရက်နေ့တွင် မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုနှစ်ဦးလည်းအရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရသလို စစ်ကောင်စီအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရခဲ့ပါသည်။
[youtube https://youtu.be/4IBs96EYlUQ]