ရုပ်သံသတင်း

စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် ကင်းမရွာတွင် အသက် ၈၀ ကျော် နှစ်ဦးမီးလောင်သေဆုံး

ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ပေါက်မြို့နယ် တောင်ဘက် မိုင် ၂၀ အကွာရှိ ကြည့်ငိုတောင်အနီးက ကင်းမရွာကို စစ်ကောင်စီ၏ လက်နက်ကိုင်များက တစ်ရွာလုံးကို မီးရှို့ခဲ့ရာတွင် ကျန်းမာရေးမကောင်းသည့် အသက် ၈၈ နှစ်အရွယ် ဦးမြမောင်နှင့် အသက် ၈၂ နှစ်အရွယ် ဒေါ်ကြီးမှိန်တို့နှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့ကြောင်း သိရပါသည်။

အိမ်ခြေ ၂၄၀ ကျော်ရှိသည့် ကင်းမရွာတွင် အိမ် ၃၀ ခန့်သာ မီးမလောင်ဘဲ ကျန်ရစ်ခဲ့ပြီး ရွာသား ၁၀၀၀ ခန့် နီးစပ်ရာတောထဲ ထွက်ပြေးခိုလှုံနေရကာ စားစရာမရှိသဖြင့် သရက်သီးများ စားသောက်နေရကြောင်း သိရပါသည်။

[youtube https://youtu.be/H2k-Cr1W43M]

Show More

Related Articles

Back to top button