
စစ်ကောင်စီက ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဝင်ရောက်ထိန်းချုပ်လိုက်ပြီးနောက် ခရီးသွားပြည်သူများ အရင်ထက် အခက်အခဲများ တွေ့လာရပြီး ဘတ်စကားလိုင်းများသည် မထသခေတ်ကပုံစံမျိုး ပြန်ဖြစ်လာခဲ့သည်ဟု သိရပါသည်။
ရန်ကုန်ရှိ ဘတ်စကားလိုင်းများကို ကြီးကြပ်သည့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီးနောက် YPTC ဟုခေါ်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီကို စစ်တပ်က အငြိမ်းစားဗိုလ်မှူးကြီးများဖြင့် အစားထိုးကာ ဧပြီလက ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
[youtube https://youtu.be/kf-5EVgOWNA]



