
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ရိုဟင်ဂျာဟုအသိအမှတ်ပြုခေါ်ဆိုခြင်း၊ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းခြင်းများအပေါ် ရခိုင်တိုင်းရင်းသားများ မစိုးရိမ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါသည်။
မကြာသေးမီရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ဟောင်ကောင်အခြေစိုက် Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မရှိကြောင်း၊ နိုင်ငံသားဖြစ်မှုကို ၁၉၈၂ ဥပဒေနှင့်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပါသည်။
[youtube https://youtu.be/EgJ4j_INrtQ]



