
ဇွန်လ ၁ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၁) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တစ်ခုတွင် စစ်ကောင်စီ၏မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် သေဆုံးသွားတယ်ကြောင်းသိရပါသည်။
သေနတ်နှင့်ပစ်သတ်ခံရသူ ဦးစိုင်းလင်းဇော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းတိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် PPP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သလို သူသည် ပျူစောထီးအဖွဲ့၏ မြို့နယ် အဆင့်ခေါင်းဆောင်နှင့် မဘသအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
[youtube https://youtu.be/ZNK2yaMR7ms]